မိတ်ဆက်

နှုတ်ကပတ်စကား


ကယ်တင်ခြင်း
ကျွန်ုပ်တို့ရဲ့အပြစ်တွေဟာ ကျွန်ုပ်တို့ကိုဘုရားသခင်နဲ့ ကင်းကွာသွားစေပါတယ်၊ကျွန်ုပ်တို့သေဆုံးသွားတဲ့အခါ ဘုရားသခင်နဲ့အတူကောင်းကင်မှာနေလို့မရတော့ဘူးလို့ဆိုလိုချင်တာပါ။သခင်ယေရှုဟာ ကျွန်ုပ်တို့အပြစ်တွေအတွက်ကိုယ်စားအပြစ်ပေးခြင်းကိုခံယူဖို့ကားတိုင်မှာအသေခံခဲ့ပေးပါတယ်။သခင်ယေရှုကိုယုံကြည်မယ်ဆိုကျွန်ုပ်တို့ဟာကယ်တင်ခြင်းခံရပြီးထားဝရအသက်ကိုရရှိမှာဖြစ်ပါတယ်။ (-တမန်တော်ဝတ္ထု ၄:၁၂,ဧဖက် ၂: ၈).

 

ယုံကြည်ခြင်း
ဘုရားသခင်အပေါ်ယုံကြည်ခြင်းနဲ့ စိတ်ချမှုရှိခြင်း, ကျွန်ုပ်တို့လက်တွေ့မှာ တစ်စုံတရာ မမြင်ရသေးပေမယ့် ယုံကြည်နေခြင်း (ဟေဗြဲ ၁၁: ၁).

 

ကျေးဇူးတော်
ကျွန်ုပ်တို့ဟာ ဘုရားသခင်ရဲ့အပြစ်ပေးခြင်းနဲ့သာထိုက်တန်တဲ့သူတွေဖြစ်ကြပေမယ့်, သူဟာ ကျွန်ုပ်တို့ကို ချစ်ပေးတယ်, ခွင့်လွှတ်ပေးခဲ့တယ် , အနာရောဂါတွေငြိမ်းစေပါတယ် (ရောမ ၅: ၈).

 

အပြစ်
အခြားသူတွေ , မိမိကိုယ်တိုင်နဲ့ ဘုရားသခင်အပေါ် ဆန့်ကျင်ဖက်ဖြစ်တဲ့ မှားယွင်းတဲ့အတွေးအခေါ်တွေ၊ နှုတ်ထွက်စကားတွေနဲ့အပြုအမှုတွေ (ရောမ ၃:၂၃၊ ၆:၂၃).

 

နောင်တ
ကိုယ်ရဲ့အလိုအတိုင်းသွားနေရာကနေ ဘုရားသခင်ရဲ့အလိုတော်ရှိတဲ့လမ်းအတိုင်း ပြန်လည်လျှောက်လှမ်းခြင်း, ကျွန်ုပ်တို့ရဲ့ အတွေးအခေါ်နဲ့ အပြုအမူတွေကိုပြောင်းလဲပစ်ခြင်း (၂ ကော ၇ : ၉-၁၀).

 

ဖြောင့်မတ်ခြင်း
ဘုရားသခင်နဲ့အတူမှန်ကန်စွာအသက်ရှင်ခြင်း , ဘုရားသခင်နဲ့ရင်းနှီးကျွမ်းဝင်မှုရှိခြင်း (ရောမ ၃:၂၂၊ ယာကုပ် ၂:၂၃).

 

ဆုတောင်းခြင်း
ဘုရားသခင်နှင့်စကားပြောခြင်း(မဿဲ ၆: ၅-၁၃၊ ၁ သက် ၅:၁၇).

 

ရေနှစ်ခြင်း (ဗတ္တိဇံခံခြင်း)
ရေနှစ်ခြင်းခံခြင်းဟာ၊အသက်တာပြောင်းလဲပြီးယေရှုခရစ်တော်ကိုယုံကြည်ခြင်းနှင့်ခရစ်ယာန်ဖြစ်ခြင်းကို လူအများရှေ့မှာပြသတဲ့၊အတွင်းရဲ့သက်သေကိုပုံဆောင်ခြင်းဖြစ်ပါတယ်။ (တမန်တော်ဝတ္ထု ၂း၃၈ ၊ ရောမဩဝါဒစာ ၆း၃-၄)

 

အသင်းတော်
လူအများအတူတူတွေ့ဆုံပြီး၊ အချင်းအချင်းခွန်အားပေးခြင်း၊ ဘုရားသခင်ကိုချီးမွမ်းခြင်းပြုလုပ်တဲ့နေရာဖြစ်ပါတယ်။ (ရှင်မဿဲခရစ်ဝင် ၁၈း၂၀၊ ဟေဗြဲသြဝါဒစာ ၁၀း၂၅).

 

သုံးပါးတစ်ဆူ
သုံးပါးဟာတစ်ခုတည်းမှာစုစည်းခြင်းဖြစ်ပါတယ်။ဘုရားသခင်ကတစ်ဆူတည်းပဲရှိပါတယ်။ဘုရားသခင်ဟာ ခမည်းတော်၊သားတော်(ယေရှုဘုရား)၊သန့်ရှင်းသောဝိဥာဥ်တော်ဆိုပြီးကွဲပြားတဲ့ပုဂ္ဂိုလ်သုံးပါးအနေနဲ့ဖြစ်တည်နေပါတယ်။ (ရှင်မဿဲခရစ်ဝင် ၂၈း၁၉)

 

ရှင်ပြန်ထမြောက်ခြင်း
ယေရှုခရစ်တော်ဟာအသတ်ခံရပြီး၊သုံးရက်မြောက်နေ့မှာပြန်လည်အသက်ရှင်ခဲ့ပါတယ်။ (ရှင်မာကုခရစ်ဝင် ၁၆း၁-၈၊ ၁ ကောရိန္သုသြဝါဒစာ ၁၅း၁၂-၃၂)

 

အီစတာ
မတ်လ၊ဒါမှမဟုတ်၊ဧပြီလမှာ အများအားဖြင့်ကျင်းပလေ့ရှိတဲ့အီစတာနေ့ဟာ၊လူသားတွေအတွက်၊ယေရှုခရစ်ရဲ့အသေခံပေးခြင်းနဲ့ရှင်ပြန်ထမြောက်ခြင်းကို၊အောက်မေ့သတိရပြီး၊အောင်ပွဲခံတဲ့အနေနဲ့ကျင်းပခြင်းဖြစ်ပါတယ်။ (ရှင်မဿဲခရစ်ဝင် ၂၆း၁-၂၈)

 

ခရစ်စမတ်
ဒီဇင်၂၅ရက်နေ့ဟာ၊ဘုရားသခင်ကကျွန်တော်တို့လိုလူသားအဖြစ်ကိုခံယူတဲ့နေ့ဖြစ်တဲ့၊ယေရှုခရစ်တော်ရဲ့မွေးနေ့ကိုကျင်းပတဲ့နေ့ဖြစ်ပါတယ်။ (ရှင်လုကာခရစ်ဝင် ၁း၂၆-၈၀၊ ၂း၁-၄၀)

 

ခရစ်ယာန်
ယေရှုခရစ်တော်ရဲ့နောက်ကိုလိုက်တဲ့သူကိုခရစ်ယာန်လို့ခေါ်ပါတယ်။ (ကောရိန္သု​ဩဝါဒစာ​ပဌမစောင် ၁၁း၁)

 

ဧဝံဂေလိ
ယေရှုခရစ်တော်ရဲ့ကယ်တင်ခြင်းသတင်းကောင်းနဲ့ကျွန်တော်တို့အတွက်ပြုလုပ်ပေးခဲ့တဲ့အရာတွေကိုအခြားသောသူတွေကြားပြောခြင်းဖြစ်ပါတယ်။ (ရှင်မဿဲခရစ်ဝင် ၂၈း၁၈-၂၀)

Study Tags.