ခရစ်စမတ်

ဘုရားသခင်ကျွန်ုပ်တို့နဲ့အတူရှိတယ်! ခရစ်စမတ်ဟာ ခရစ်တော်ရဲ့မွေးနေ့ဖြစ်ပါတယ်!နှစ်စဉ် ဒီဇင်ဘာ၂၅ရက်နေ့မှာခရစ်တော်ရဲ့မွေးနေ့ကိုတစ်ကမ္ဘာလုံးကဂုဏ်ပြုကျင်းပကြတယ်။ဘုရားသခင်ဟာလူအနေနဲ့ဆင်းသက်လာခဲ့ခြင်းကိုဂုဏ်ပြုကြခြင်းဖြစ်ပါတယ် ၊ဘုရားသခင်ဟာ ကျွန်ုပ်တို့လိုလူသားအနေနဲ့ပဲနေထိုင်ခဲ့တာကြောင့်ကျွန်ုပ်တို့ကိုကယ်တင်နိုင်ခဲ့တာပါ။ ဒီအရာဟာ ခရစ်စမတ်ရဲ့အကြီးမားဆုံး သတင်းကောင်းပဲဖြစ်ပါတယ်။ သခင်ယေရှုမွေးဖွားပြီ! ယောသပ်ဟာဘာကြောင့် မာရိနဲ့စေ့စပ်ထားတာကိုမဖျက်သိမ်းခဲ့တာလဲ? မာရီဟာ သူကလေးကို ကိုယ်ဝန်ဆောင်ရမယ်ဆိုတာဘယ်လိုသိရှိခဲ့တာလဲ? သခင်ယေရှုဟာ ဘယ်လိုသဘာဝလွန်မွေးဖွားခဲ့သလဲ? သခင်ယေရှုမွေးဖွားစဉ်အဖြစ်အပျက်ကိုဖော်ပြပါ? ခရစ်တော်ရဲ့မွေးဖွားခြင်းနဲ့ပက်သက်ပြီး အမျိုးမျိုးကြိုတင်ပြောကြားထားခဲ့ပါတယ် ခရစ်တော်ရဲ့မွေးဖွားခြင်းနဲ့ပက်သက်ပြီးအောက်ပါကျမ်းချက်တွေကနေဘယ်အရာကို သင်ယူနိုင်မလဲ? ကျွန်ုပ်တို့နှင့်အတူရှိသော ဘုရားသခင်! “ဧမာနွေလ”ဆိုတဲ့နာမည်ကဘာကြောင့်အရေးကြီးတာလဲ? “ယေရှု”ဆိုတဲ့နာမည်ကဘယ်လိုအဓိပ္ပါယ်ရှိသလဲ? ဘုရားသခင်ဟာသခင်ယေရှုကိုဘာကြောင့် လောကကိုစေလွှတ်ခဲ့တာလဲ? Ask a Friend ခရစ်စမတ်ဟာသင့်အတွက်ဘယ်လိုအဓိပ္ပါယ်ဆောင်ပါသလဲ? သခင်ယေရှုနဲ့သူ့ရဲ့မွေးဖွားခြင်းနဲ့ပက်သက်ပြီး အခြားမေးချင်တာများရှိမလား? Christians also celebrate Easter. What do you know about Easter? Application သခင်ယေရှုရဲ့မွေးနေ့ပွဲဖြစ်တဲ့ခရစ်စမတ်ကိုဂုဏ်ပြုကျင်းပဖို့ သင်ဘာတွေလုပ်နိုင်မလဲ? What would you like to receive from God (through prayer) this Christmas? Prayer …

အီစတာ

ဘာကြောင့်အီစတာနေ့ကအရမ်းအရေးကြီးရတာလဲ? ခရစ်ယာန်တွေအတွက်တော့, အီစတာနေ့ဟာ သိပ်အရေးကြီးတဲ့အချိန်ကာလတစ်ခုဖြစ်ပါတယ်။အီစတာရဲ့ဆိုတာက သခင်ယေရှုအသေခံပြီး သုံးရက်မြောက်သောနေ့မှာရှင်ပြန်ထမြောက်ခဲ့ခြင်းကိုပြန်လည်သတိရခြင်းဖြစ်ပါတယ်။သခင်ယေရှုကကျွန်ုပ်တို့ရဲ့များလှစွာသောအပြစ်တွေ အတွက်ပေးဆပ်ခဲ့ပါတယ်၊ သခင်ယေရှုဟာအပြစ်ရဲ့တန်ခိုး အပေါ်မှာ အနိုင်ယူခဲ့ပါတယ် ဒါကြောင့်ကျွန်ုပ်တို့ဟာအပြစ်ရဲ့ အခဖြစ်တဲ့သေခြင်း(ဝိညာဉ်သေခြင်းထာဝရငရဲ) ကနေလွတ်မြောက်ခဲ့ကြပါတယ်။ ဘာတွေဖြစ်ပျက်ခဲ့သလဲ? အောက်မှာဖော်ပြထားတဲ့ကျမ်းချက်တွေကိုဖတ်ပြီး မှတ်စုရေးရအောင်။ ဘာကြောင့်သခင်ယေရှုအသေခံပေးခဲ့တာလဲ? သခင်ယေရှုရဲ့အသေခံခဲ့ခြင်းက သူ့ကိုယုံကြည်တဲ့လူအယောက်စီတိုင်း ကိုကယ်တင်ဖို့ အတွက် ဘုရားသခင်ရဲ့အကြံအစည်တစ်စိတ်တစ်ဒေသဖြစ်ပါတယ်။ဓမ္မဟောင်းကျမ်းရဲ့ပရောဖက်ပြုချက် တွေထဲမှာလဲသခင်ယေရှုရဲ့ အသေခံခြင်းကိုဖော်ပြထားပါတယ်(ဥပမာ-ဟေရှာယ ၅၃) ဘာကြောင့်သခင်ယေရှုကသူ့အသက်ကိုပေးခဲ့ရတာလဲ? ဘုရားသခင်ကဘာကြောင့်သခင်ယေရှုကိုအသေခံဖို့ရန်စေလွှတ်ခဲ့တာလဲ? သခင်ယေရှုကဘယ်လိုနည်းလမ်းနဲ့ကျွန်ုပ်တို့ကိုယ်ပေးစားခံခဲ့ပေးသလဲ? ဘာကြောင့်သခင်ယေရှုကပြန်လည်ရှင်ပြန်ထမြောက်ခဲ့တာလဲ? သခင်ယေရှုမြှုပ်နှံခြင်းခံပြီးသုံးရက်မြောက်တဲ့နေ့မှာဘာတွေဖြစ်ပျက်ခဲ့လဲ? သခင်ယေရှုကဘယ်လို ပြန်အသက်ရှင်လာခဲ့သလဲ? သူ့ရဲ့အသေခံပေးပြီးပြန်လည်ထမြောက်ပြီးတဲ့နောက်သခင်ယေရှုကဘာတွေရရှိခဲ့သလဲ? ဘာကြောင့်ခရစ်ယာန်တွေဟာထာဝရအသက်ရှင်နိုင်မယ်ဆိုတဲ့စိတ်ချမှုရှိနေရတာလဲ? Ask a Friend အီစတာကသင့်အတွက်ဘယ်လိုအဓိပ္ပါယ်ဆောင်ပါလဲ? အီစတာဆိုတဲ့သတင်းစကားကြားပြီးတဲ့အခါသင်ဘယ်လိုတုန့်ပြန်မလဲ? အီစတာနဲ့ပက်သက်ပြီးအခြားသောမေးခွန်းတွေသင့်မှာရှိနေမလား? Application ဘာကြောင်အီစတာသတင်းစကားကအရမ်းအရေးကြီးရတာလဲ? ဒီသတင်းစကားဟာ သင့်ဘဝအတွက်ဘယ်လိုအဓိပ္ပါယ်ရှိနေသလဲ? ကျွန်ုပ်တို့ဘယ်လိုတုန့်ပြန်သင့်သလဲ? Prayer Model သခင်ယေရှု, ကျွန်ုပ်ပြုလုပ်ခဲ့တဲ့မှားယွင်းမှုတွေအတွက်ခွင့်လွှတ်ပေးပါ။ကိုယ်တော်အသေခံပေးခဲ့ခြင်းကြောင့်ကျွန်ုပ်တို့ အသေခံဖို့မလိုအပ်တော့တဲ့အတွက်ကျေးဇူးတင်ပါတယ်။ကျေးဇူးပြု၍နေ့ရက်တိုင်းမှာ အပြစ်မှလွတ်ကင်းနိုင်ဖို့အကျွန်ုပ်ကိုကူညီပေးပါ။ Key Verse

Water Baptism

Showing Your Faith To baptize means to immerse in water. In the Bible, many people were baptized to show that they had changed their lives. Christians are baptized as a step of obedience to Christ, to publicly show that they believe in Jesus. Baptism in the Bible Why did Jesus ask to be baptized? What happened when Jesus was baptized? …

Sexual Purity

Sex is so powerful that God warns us about sexual immorality   “Sexual Immorality” is the English translation for the Greek word “Porneos”, used in the original language of the New Testament. “Porneos” refers to all forms of sexual activity outside of marriage. This scripture also describes sex as a kind of super-glue that unites a couple so strongly that …

Holy Spirit

Our Helper and Empowerer Before Jesus went back to heaven, He told His disciples that the Holy Spirit would come to help and empower them. The Holy Spirit is God, just as the Father and the Son, Jesus, are God. We can relate to the Holy Spirit in a personal way. He has already helped you to understand about God. …

Grace

God’s Undeserved Kindness to Us Grace is undeserved kindness from someone powerful to someone weaker. We will learn about God’s grace by reading a story where Jesus literally saved a woman from being killed. Through Jesus, God has shown us His grace and made it available to us. Jesus’ Grace for the Woman According to the law, what punishment did …

What Is Sin?

Missing the Mark The original word for sin means, “to miss the mark”, like in archery. It says in the Bible that, “all of us have sinned and fallen short of God’s glory” Sin refers to all the wrong things that we have said, done or thought. The Battle of Sin Why do we sin? What did Jesus say about …

ဇက္ကဲ

ရှာသောသူတွေ့၏! ဇက္ခဲကသခင်ယေရှုကိုမြင်နိုင်ဖို့အပင်ပေါ်ထိတက်ကြည့်ခဲ့ရတယ်။သခင်ယေရှုကလဲဇက္ခဲကိုရှာနေခဲ့တာဖြစ်တယ်-အဲ့ဒီနေ့မှာပဲဇက္ခဲရဲ့အသက်တာလုံးဝပြောင်းလဲသွားခဲ့တယ်။ သခင်ယေရှုကိုရှာဖွေခြင်း ဇက္ခဲကဘယ်လိုလူစားမျိုးဖြစ်မလဲ? ဇက္ခဲဘာကြောင်သခင်ယေရှုကိုစိတ်ဝင်စားရတာလဲ? သခင်ယေရှုရဲ့တွေ့ရှိခြင်း သခင်ယေရှုရဲ့စကားပြောခြင်းခံခဲ့ရတဲ့ဇက္ခဲတယောက်ဘယ်လိုခံစားရမယ်လို့ထင်ပါသလဲ? ဇက္ခဲရဲ့ဘဝမှာပျောက်ဆုံးနေတာကဘာဖြစ်မလဲ? သခင်ယေရှုရဲ့ကယ်တင်ပေးခြင်း သခင်ယေရှုနဲ့တွေ့ပြီးဇက္ခဲ?ဘယ်လိုတွေပြောင်းလဲသွား သလဲ?ဘာကြောင့်ပြောင်းလဲသွားရတာလဲ? ဇက္ခဲတယောက်ကယ်တင်ခြင်းရသွားပြီလို့သခင်ယေရှုဘာကြောင့်ပြောခဲ့တယ်လိုထင်ပါသလဲ? သူငယ်ချင်းတယောက်ယောက်နဲ့အတူဆွေးနွေးရအောင် သခင်ယေရှုနဲ့ဘယ်လိုတွေ့ခဲ့တာလဲ? ယေရှုနဲ့တွေ့ပြီးဘဝမှာဘာတွေပြောင်းလဲသွားခဲ့လဲ? လက်တွေ့အသုံးချခြင်း လက်တွေ့ဘဝမှာဆုံးရှုံးမှု၊လမ်းစပျောက်ခြင်းတွေဘယ်လိုနည်းလမ်းနဲ့ဖြစ်လာတတ်သလဲ? သင်ရောသခင်ယေရှုနဲ့တွေ့ချင်လား? ဒီလိုဆုတောင်းရအောင် သခင်ယေရှုဘုရား,ကျွန်ုပ်ကိုသိပြီးချစ်ပေးလို့ကျေးဇူးတင်ပါတယ်။ကိုယ်တော့်အကြောင်းကိုသာ၍သိစေ၊နားလည်စေဖို့ကူညီပေးပါ။အကျွန်ုပ်ကို ကိုယ်တော်ကိုယ်တိုင်ထင်ရှားပြတော်မူပါ။ အဓိကကျမ်းချက်

အသက်တာရဲ့အခြေခံအုတ်မြစ်

“ကျောက်”ပေါ်မှာတည်ဆောက်ခြင်း သခင်ယေရှုကကျွန်ုပ်တို့အသက်တာအတွက် အကူအညီဖြစ်စေမယ့်အရာတွေကိုနှုတ်ကပတ်တော်ထဲမှာ အများကြီး သင်ကြားပေးထားပါတယ်။သခင်ယေရှုသင်ကြားပေးထားတဲ့ ဒီပုံဥပမာထဲကနေ ကျွန်ုပ်တို့အသက်တာကိုခိုင်ခံ့တဲ့အုတ်မြစ်အပေါ်မှာ အခြေတည်ထားခြင်းကဘယ်လောက်အရေးကြီးတယ်ဆိုတာကို သင်ယူနိုင်ပါတယ် အသက်တာကိုတည်ဆောက်ခြင်း ဒီပုံဥပမာထဲမှာ အိမ် ကဘယ်အရာကိုပုံဆောင်သလဲ? ဒီပုံဥပမာထဲက ပညာရှိနဲ့ ပညာမဲ့သောသူ နှစ်ဦးရဲ့ခြားနားချက်ကဘာများဖြစ်မလဲ? အသက်တာရဲ့အခြေခံအုတ်မြစ် ကျွန်ုပ်တို့ရဲ့အသက်တာကို ခိုင်မာတဲ့အုတ်မြစ်ပေါ်မှာတည်ဆောက်ခြင်း ကဘာကြောင့်အရေးကြီးတယ်လို့ သင်ထင်မိသလဲ? ကျွန်ုပ်တို့ရဲ့အသက်တာကို ဘယ်အရာတွေပေါ်မှာတည်ဆောက်မိကြသလဲ?(ဥပမာ-ပေါင်းသင်းဆက်ဆံရေး,ပညာရေး) ဘဝထဲကမုန်တိုင်းများ လေကြီး,မိုးကြီးတိုက်ခတ်ခြင်းမုန်တိုင်းတွေကဘဝအသက်တာထဲကပြဿနာတွေကိုပြောနေခြင်းပါ။ဥပမာအနေနဲ့သင့်အသက်တာထဲမှာရင်ဆိုင်နေရတဲ့အခက်အခဲပြသနာတွေကဘာတွေများဖြစ်မလဲ? ဘဝထဲမှာတိုက်ခတ်တဲ့မုန်တိုင်းတွေကကျွန်ုပ်တို့ရဲ့”အိမ်”ဘယ်လိုတွေဖျက်ဆီးနိုင်သလဲ? သူငယ်ချင်းတယောက်ယောက်နဲ့အတူဆွေးနွေးရအောင် သင့်ဘဝကိုသင်ဘယ်အရာအပေါ်မှာ အခြေခံပြီးတည်ဆောက်ထားလဲ? သင့်ရဲ့ အုတ်မြစ်ကရောဘဝမှာတိုက်ခတ်လာမယ့်မုန်တိုင်းဒဏ်ကိုခံရပ်နိုင်ဖို့ခံနိုင်ရည်ရှိထားပြီလား လက်တွေ့အသုံးချခြင်း သင့်အသက်တာရဲ့အခြေခံအုတ်မြစ်ကိုခိုင်ခံ့အောင်ဘယ်လိုတည်ဆောက်နိုင်မလဲ? သင့်အသက်တာရဲ့ဘယ်အပိုင်းတွေမှာဘုရားသခင်အပေါ်ပိုပြီးမှီခိုဖို့လိုအပ်တယ်လို့သင်ထင်ပါသလဲ? ဒီလိုဆုတောင်းကြရအောင် သခင်ယေရှု,ကျွန်ုပ်အသက်တာရဲ့အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကိုဉာဏ်ပညာနဲ့မှန်ကန်စွာဆုံးဖြတ်ချက်ချနိုင်ဖို့ မစပါ။ကျွန်ုပ်အသက်တာရဲ့အားနည်းနေတဲ့ အပိုင်းတွေကို ပြသပေးပါ,သာ၍သန်မာလာအောင်ပြုပြင်ပေးပါ, သခင်ယေရှုအပေါ်မှာယုံကြည်ပါ၏။ အဓိကကျမ်းချက်

သခင်ယေရှုဆိုတာဘယ်သူလဲ?

ဘုရားအဖြစ်ကနေလူ့ဇာတိကိုခံယူခဲ့သူ! ကမ္ဘာပေါ်မှာအသက်ရှင်တဲ့လူတွေထဲမှာယေရှုကအကျော်ကြားဆုံးလူတစ်ယောက်ဖြစ်တယ်။ဒါပေမယ့်သူကသာမန်လူတစ်ယောက်ပဲမဟုတ်ပါဘူး၊သူပြုခဲ့တဲ့အံဩဖွယ်နမိလက္ခဏာတွေ၊လုံးဝအပြစ်မရှိပဲပြီးပြည့်စုံစွာအသက်ရှင်ခဲ့တာတွေသည်ယေရှုကဘုရားဖြစ်တယ်ဆိုတာပြသနေပါတယ်။အဓိကကျတဲ့မေးခွန်းက-ဘုရားဖြစ်ရက်နဲ့ဘာကြောင့်များလောကကိုလူသားအဖြစ်ဆင်းလာခဲ့ရတာလဲ? ဘုရား၁၀၀% ယေရှုမွေးဖွားခဲ့ခြင်းနဲ့ပက်သက်ပြီးထူးခြားတာကဘာဖြစ်မလဲ?   သခင်ယေရှုကဘုရားဖြစ်ကြောင်းကိုဘယ်လိုပြသခဲ့သလဲ?   သခင်ယေရှုကိုယ်တိုင် , သူကဘယ်သူဖြစ်တယ်ဆိုတာကို ,ဘယ်လိုပြောခဲ့သလဲ?   သခင်ယေရှုအသေခံပြီးနောက်ဘာတွေဆက်ဖြစ်ခဲ့သလဲ? လူသား၁၀၀% သခင်ယေရှုကကျွန်တော်တို့လူသားတွေနဲ့တူအောင်ဘယ်အရာတွေလုပ်ခဲ့ရတာလဲ?   သခင်ယေရှုကကျွန်တော်တို့ဘဝကိုနားလည်တယ်ဆိုတာဘယ်အရာအားဖြင့်သိနိုင်မလဲ?သခင်ယေရှု,လူသားတွေနဲ့မတူတဲ့အရာကဘာဖြစ်မလဲ? သခင်ယေရှုကဘာကြောင့်လူ့ဇာတိကိုခံယူခဲ့တာလဲ? ဘုရားရှင်ကသခင်ယေရှုကိုဘာကြောင့်လောကထဲစေလွှတ်ခဲ့တာလဲ?   ဘုရားရှင်ကကျွန်တော်တို့အပေါ်ထားတဲ့သူ့အချစ်ကိုဘယ်လိုဖော်ပြခဲ့လဲ?   ကျွန်တော်တို့ကိုကယ်တင်နိုင်ဖို့သခင်ယေရှုဘာတွေလုပ်ခဲ့ရသလဲ? သူငယ်ချင်းတယောက်ယောက်နဲ့အတူဆွေးနွေးရအောင် သခင်ယေရှုကိုဘာကြောင့်ယုံတာလဲ? သူကစစ်မှန်တယ်ဆိုတာဘယ်လိုသိနိုင်မလဲ? သခင်ယေရှုနဲ့ပက်သက်ပြီးသင့်မှာမေးစရာတွေရှိလား? လက်တွေ့အသုံးချခြင်း သခင်ယေရှုသာအခုဒီနားမှာရှိတယ်ဆိုသင်ဘာတွေပြောချင်လဲ? သူ့ကိုဘာတွေမေးချင်လဲ? သင့်ရဲ့ဘဝကိုသခင်ယေရှုဘယ်လိုကူညီနိုင်မယ်လိုသင်ထင်သလဲ? သခင်ယေရှုရဲ့အချစ်နဲ့ခွင့်လွှတ်ပေးခြင်းကိုသင်ခံယူချင်သလား? ဒီလိုဆုတောင်းရအောင် အရှင်ယေရှုဘုရား,ကိုယ်တော်ကိုကျွန်ုပ်ကိုးကွယ်ပါတယ်၊ကျွန်ပ်ကိုကယ်တင်ဖို့လောကကို ဆင်းသက်လာခဲ့ပေးလို့ကျေးဇူးတင်ပါတယ်။ကျွန်ုပ်အပြစ်တွေအတွက်အသေခံခဲ့ပေးလို့ကျေးဇူးတင်ပါတယ်။ကျွန်ုပ်ကိုခွင့်လွှတ်လျှက်အသက်တာတစ်ခုလုံးကို လုံးဝအသစ်ဖြစ်စေပါ။ယခု ကျွန်ုပ်ကိုယ်တော်အတွက်အသက်ရှင်ပါမယ်-ကိုယ်တော်နဲ့တူချင်ပါတယ်။ အဓိကကျမ်းချက်