ဘုရားသခင်နဲ့ပက်သက်တဲ့အခြေခံသမ္မာတရားလေးချက်

ဘုရားသခင်နဲ့ပက်သက်တဲ့အခြေခံသမ္မာတရားလေးချက်

ကမ္ဘာကြီးကို ထိန်းထားပေးထားတဲ့ ကမ္ဘာ့ဆွဲအားလိုမျိုး ရူပဗေဒနဲ့ဆိုင်တဲ့ အခြေခံသဘောတရားတွေရှိသလိုပဲ, ဘုရားသခင်နဲ့ဘယ်လိုရင်းနှီးကျွမ်းဝင်မှုရနိုင်မလဲဆိုတဲ့မေးခွန်းနဲ့ပက်သက်ပြီး သမ္မာတရားနဲ့ညီပြီး အခြေခံကျတဲ့ အဖြေရှိနေပါတယ်

ဘုရားသခင်ကသင့်ကိုချစ်ပြီး သင့်ဘဝအတွက် အံ့ဩဖွယ်ရာ အကြံအစည်တွေရှိတယ်

ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာ –

ဘုရားသခင်ကသူ့ရဲ့ချစ်ခြင်းမေတ္တာကိုဘယ်လိုပြသခဲ့သလဲ?

 

ဘုရားသခင်ရဲ့အစီအစဉ်

သခင်ယေရှုက ကျွန်ုပ်တို့ကိုဘာပေးဖို့အတွက် လောကကိုလာခဲ့တာလဲ?

ကျန်ုပ်တို့တွေက အပြစ်နဲ့ပြည့်ပြီး ဘုရားနဲ့ကင်းကွာနေခဲ့တယ်။ဒါကြောင့် ကျွန်ုပ် တို့ဟာဘုရားသခင်ကျွန်ုပ်တို့ အတွက်ပြင်ဆင်ထားတဲ့ အရာတွေ, ကျွန်ုပ် တို့အပေါ်ထားတဲ့ ဘုရားသခင်ရဲ့အချစ်တွေကို မခံစားနိုင်, မသိရှိနိုင်ကြပါဘူး။

ကျန်ုပ်တို့ဟာအပြစ်နဲ့ပြည့်နေတယ် –

အပြစ်ဆိုတာဘယ်လို အရာဖြစ်တယ်လို့သင်ထင်ပါသလဲ?

 

ကျွန်ုပ်တို့ကင်းကွာသွားခဲ့တယ် –

ဘာကြောင့် ကျွန်ုပ်တို့ဟာ ဘုရားသခင်နဲ့ကင်းကွာသွားခဲ့ရတာလဲ? ဘယ်လိုကင်းကွာသွားတာလဲ?

ဘုရားသခင်နဲ့ကျွန်ုပ်တို့ကြားက ကင်းကွာနေတဲ့အရာကိုကျွန်ုပ်တို့ဘယ်အရာတွေနဲ့ဖြည့်တတ်ကြသလဲ?

သခင်ယေရှုသာလျှင်ကျွန်ုပ်တို့အပြစ်တွေဖြေရှင်းနိုင်ဖို့တစ်ခုထဲသောအဖြေဖြစ်ပါတယ်။သခင်ယေရှုအားဖြင့်သာလျှင် ကျွန်ုပ် တို့ဟာဘုရားသခင်ကျွန်ုပ်တို့ အတွက်ပြင်ဆင်ထားတဲ့ အရာတွေ, ကျွန်ုပ် တို့အပေါ်ထားတဲ့ ဘုရားသခင်ရဲ့အချစ်တွေကို ခံစားနိုင်, သိရှိလာနိုင်မှာဖြစ်ပါတယ်။

သခင်ယေရှုကကျွန်ုပ်တို့အတွက်ဘာလုပ်ပေးခဲ့သလဲ?

သခင်ယေရှုအသေခံပေးခဲ့ပြီးနောက်ဘာတွေဖြစ်လာခဲ့သလဲ?

ကျွန်ုပ်တို့ရဲ့ကောင်းကင်ဖခင်ဆီကိုကျွန်တော်တို့ဘယ်လိုနည်းနဲ့သွားလို့ရနိုင်မလဲ?

သခင်ယေရှုကိုကျွန်ုပ်တို့ရဲ့ကယ်တင်ပိုင်ရှင်,အရှင်သခင်အဖြစ် လက်ခံယုံကြည်ရမှာဖြစ်ပါတယ်။
သခင်ယေရှုကိုလက်ခံယုံကြည်ပြီးနောက်မှာတော့ ကျွန်ုပ်တို့ ဟာဘုရားသခင်ကျွန်ုပ်တို့ အတွက်ပြင်ဆင်ထားတဲ့ အရာတွေ, ကျွန်ုပ် တို့အပေါ်ထားတဲ့ ဘုရားသခင်ရဲ့အချစ်တွေကို ခံစားနိုင်, သိရှိလာနိုင်မှာဖြစ်ပါတယ်။

သူငယ်ချင်းတယောက်ယောက်နဲ့အတူဆွေးနွေးကြရအောင်

ဘယ်အချိန်ကစပြီးသခင်ယေရှုကိုကယ်တင်ပိုင်ရှင်အဖြစ်သင်လက်ခံခဲ့သလဲ? ဘာကြောင့်လဲ?

သင့်ရဲ့အသက်တာအတွက်သခင်ယေရှုကဘယ်လိုမတူညီတဲ့အရာတွေလုပ်ဆောင်ပေးခဲ့သလဲ?

လက်တွေ့အသုံးချခြင်း

ကျွန်ုပ်တို့ဟာသခင်ယေရှုကိုယုံကြည်လက်ခံဖို့လိုအပ်ပါတယ်

သခင်ခရစ်တော်ကိုစစ်မှန်တဲ့ယုံကြည်ခြင်းနဲ့လက်ခံရယူနိုင်ပါတယ်။

သခင်ယေရှုကိုလက်ခံရရှိပြီးပြီဆို ကျွန်ုပ်တို့ဟာ အသစ်သောမွေးဖွားခြင်း လူသစ်ဖြစ်ခြင်း ကိုခံစားရမှာဖြစ်ပါတယ်။

ဒီဆုံးဖြတ်ချက်ကတော့ ကိုယ်ပိုင်ဆုံးဖြတ်ရမယ့်အရာဖြစ်ပါတယ်။

အကယ် ၍မိတ်ဆွေသခင်ယေရှုကိုသင့်ဘဝရဲ့ကယ်တင်ပိုင်ရှင်အဖြစ်လက်မခံရသေးဘူးဆိုပါက, ယခုလက်ခံလိုပါသလား?

ဒီလိုဆုတောင်းကြရအောင်

သခင်ယေရှု, ကျွန်ုပ်ကိုချစ်ပေးတယ် , ကျွန်ုပ်ရဲ့များလှစွာသောအပြစ်တွေအတွက်ပေးဆပ်ရန် ကျွန်ုပ်ကိုယ်စားအသေခံခဲ့ပေးတဲ့အရာအတွက်ကျေးဇူးတင်ပါတယ်။ကျွန်ုပ်ရဲ့အပြစ်တွေကိုခွင့်လွှတ်ပေးပါ , ကျွန်ုပ်ရဲ့နှလုံးသားထဲမှာဝင်ရောက်နေရာယူပေးပါ။ကျေးဇူးတင်ပါတယ် ,သခင်ယေရှု။

အဓိကကျမ်းချက်