မိတ်ဆက်

ဘယ်လို ဂျာနယ်ရေးမလဲ


ဘုရားသခင်ရဲ့စကားကိုနေ့တိုင်းဖတ်ပြီးဆင်ခြင် ခြင်းဟာ ကျွန်ုပ်တို့ကိုသာ၍ကြီးထွားသန်မာစေပြီး ဘုရားသခင်နဲ့သာ၍နီးစေပါတယ်။အောက်မှာနမူနာပြထားတဲ့ဂျာနယ်ရေးနည်းကမိတ်ဆွေကို ကျမ်းစာဖတ်တဲ့အလေ့အကျင့်ရလာဖို့နဲ့ , နေ့စဉ်အသက်တာထဲမှာဘုရားစကားကိုဘယ်လိုလက်တွေအသုံးချရမလဲဆိုတာ သိရှိလာအောင် ကူညီပါလိမ့်မယ်။

ကျမ်းစာဖတ်ခြင်း အစီအစဉ်(ဘယ်လိုဖတ်ရမယ်ဆိုတာပြထားတဲ့ဇယား)ဟာ ကျမ်းစာကိုရည်ရွယ်ချက်ရှိရှိ ထိထိရောက်ရောက်ဘယ်လိုဖတ်ရမယ်ဆိုတာ ဆုံးဖြတ်နိုင်ဖို့ကူညီပါလိမ့်မယ်။သင့်အသက်တာထဲ မှာဘုရားပြောခဲ့တဲ့စကားတွေကိုပြန်လည်ဆင်ခြင်ပြီး , ဘုရားသခင်ထံကနေလာတဲ့ လတ်ဆတ်တဲ့ စကားသံကို မိတ်ဆွေသူငယ်ချင်းတွေနဲ့ပြန်လည်မျှဝေဖို့အဆင်သင့်ပြင်ရအောင်။

Journalရေးဖို့နမူနာ

၁။ ရက်စွဲတပ်ပါ

၂။ ရက်စွဲရဲ့အောက်မှာခေါင်းစဉ်တပ်ပါမယ်, ဒါပေမယ့်ခေါင်းစဉ်နေရာကို ခဏကွက်လပ်ချန်ထားပါ( နောက်မှပြန်ရေးဖို့ဖြစ်ပါတယ်)။

၂။ ဒီနေ့ ဖတ်မယ့်ကျမ်းချက်ကိုချရေးပါ။

၄။ ဒီနေ့ဖတ်ထားတဲ့ကျမ်းချက်ထဲကနေ ခွန်အားရတဲ့အချက်ကိုရေးပါမယ်, အဓိကအချက်လေးတွေပဲရေးပါ။

၅။ ခွန်အားယူထားတဲ့အချက်ကနေ ဆုတောင်းချက်တစ်ချက်ပြန်ချရေးပါ။

၆။ အပေါ်ဆုံးကချန်ထားခဲ့တဲ့ “ခေါင်းစဉ်”နေရာမှာ ခေါင်းစဉ်ပြန်တပ်ပေးပါမယ်။

သတင်းတပတ်အချို့လောက်ပုံမှန်ရေးလာမယ်ဆိုရင် ဘုရားသခင်ဟာသင့်အသက်တာထဲမှာဘယ်လိုပုံစံနဲ့စကားပြောတယ်ဆိုတာသင်မြင်လာပါလိမ့်မယ်။

ဂျာနယ်ရေးဖို့နမူနာပုံစံ

ဇန်နဝါရီ ၂၂ရက်

ခေါင်းစဉ် – ကျွန်ုပ်နှလုံးသားသည် ဘုရားစကားမျိုးစေ့ကျဖို့ရန်ကောင်းသောမြေ

မဿဲ ၁၃:၁-၂၄

– လယ်စိုက်သူ, ဘုရားသခင် ,အမြဲမျိုးစေ့ချတယ်, သူ့ ရဲ့ စကား (နှုတ်ကပတ်တော်)

– မျိုးစေ့ကနေ အောင်မြင်စွာသီးပွင့်လာနိုင်ဖို့က , အဲ့ဒီမျိုးစေ့ ကိုဘယ်မြေအပေါ် စိုက်လဲပျိုးလဲ ဆိုတဲ့အပေါ်မူတည်ပါတယ်။

– မျိုးစေ့ကဘုရားသခင်ရဲ့သမ္မာတရားကိုပြောတာဖြစ်တယ်။

– ကောင်းသောမြေမှာကျတဲ့မျိုးစေ့ဟာ အဆ ၃၀, အဆ ၆၀, အဆ ၁၀၀ ပွားများမှာဖြစ်တယ်။

အဓိကအချက် – ဘုရားစကားနေရာကျဖို့ ကျွန်ုပ်ရဲနှလုံးသားကို(ကောင်းသောမြေ)အဖြစ်ပြင်ဆင်ရမယ်

ဆုတောင်းချက် – အဖဘုရားသခင် , ကိုယ်အတော်ရဲ့စကားသံကြားနိုင်ဖို့ကျွန်ုပ်ရဲ့နှလုံးသားကိုပြင်ဆင်ပါ၏။

* * *

Study Tags.