ခရစ်တော်နှင့်စတင်ရင်းနှီးခြင်း

အသက်တာရဲ့အခြေခံအုတ်မြစ်


“ကျောက်”ပေါ်မှာတည်ဆောက်ခြင်း

သခင်ယေရှုကကျွန်ုပ်တို့အသက်တာအတွက် အကူအညီဖြစ်စေမယ့်အရာတွေကိုနှုတ်ကပတ်တော်ထဲမှာ အများကြီး သင်ကြားပေးထားပါတယ်။သခင်ယေရှုသင်ကြားပေးထားတဲ့ ဒီပုံဥပမာထဲကနေ ကျွန်ုပ်တို့အသက်တာကိုခိုင်ခံ့တဲ့အုတ်မြစ်အပေါ်မှာ အခြေတည်ထားခြင်းကဘယ်လောက်အရေးကြီးတယ်ဆိုတာကို သင်ယူနိုင်ပါတယ်

အသက်တာကိုတည်ဆောက်ခြင်း

ဒီပုံဥပမာထဲမှာ အိမ် ကဘယ်အရာကိုပုံဆောင်သလဲ?

ဒီပုံဥပမာထဲက ပညာရှိနဲ့ ပညာမဲ့သောသူ နှစ်ဦးရဲ့ခြားနားချက်ကဘာများဖြစ်မလဲ?

အသက်တာရဲ့အခြေခံအုတ်မြစ်

ကျွန်ုပ်တို့ရဲ့အသက်တာကို ခိုင်မာတဲ့အုတ်မြစ်ပေါ်မှာတည်ဆောက်ခြင်း ကဘာကြောင့်အရေးကြီးတယ်လို့ သင်ထင်မိသလဲ?

ကျွန်ုပ်တို့ရဲ့အသက်တာကို ဘယ်အရာတွေပေါ်မှာတည်ဆောက်မိကြသလဲ?(ဥပမာ-ပေါင်းသင်းဆက်ဆံရေး,ပညာရေး)

ဘဝထဲကမုန်တိုင်းများ

လေကြီး,မိုးကြီးတိုက်ခတ်ခြင်းမုန်တိုင်းတွေကဘဝအသက်တာထဲကပြဿနာတွေကိုပြောနေခြင်းပါ။ဥပမာအနေနဲ့သင့်အသက်တာထဲမှာရင်ဆိုင်နေရတဲ့အခက်အခဲပြသနာတွေကဘာတွေများဖြစ်မလဲ?

ဘဝထဲမှာတိုက်ခတ်တဲ့မုန်တိုင်းတွေကကျွန်ုပ်တို့ရဲ့”အိမ်”ဘယ်လိုတွေဖျက်ဆီးနိုင်သလဲ?

သူငယ်ချင်းတယောက်ယောက်နဲ့အတူဆွေးနွေးရအောင်

သင့်ဘဝကိုသင်ဘယ်အရာအပေါ်မှာ အခြေခံပြီးတည်ဆောက်ထားလဲ?

သင့်ရဲ့ အုတ်မြစ်ကရောဘဝမှာတိုက်ခတ်လာမယ့်မုန်တိုင်းဒဏ်ကိုခံရပ်နိုင်ဖို့ခံနိုင်ရည်ရှိထားပြီလား

လက်တွေ့အသုံးချခြင်း

သင့်အသက်တာရဲ့အခြေခံအုတ်မြစ်ကိုခိုင်ခံ့အောင်ဘယ်လိုတည်ဆောက်နိုင်မလဲ?

သင့်အသက်တာရဲ့ဘယ်အပိုင်းတွေမှာဘုရားသခင်အပေါ်ပိုပြီးမှီခိုဖို့လိုအပ်တယ်လို့သင်ထင်ပါသလဲ?

ဒီလိုဆုတောင်းကြရအောင်

သခင်ယေရှု,ကျွန်ုပ်အသက်တာရဲ့အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကိုဉာဏ်ပညာနဲ့မှန်ကန်စွာဆုံးဖြတ်ချက်ချနိုင်ဖို့ မစပါ။ကျွန်ုပ်အသက်တာရဲ့အားနည်းနေတဲ့ အပိုင်းတွေကို ပြသပေးပါ,သာ၍သန်မာလာအောင်ပြုပြင်ပေးပါ, သခင်ယေရှုအပေါ်မှာယုံကြည်ပါ၏။

အဓိကကျမ်းချက်

Study Tags.