ငြင်းပယ်ခံရချိန်အောင်မြင်ခြင်း

ဘုရားသခင်ကျွန်ုပ်တို့ကိုလက်ခံတယ်

လူအများစုဟာဘဝမှာတခါတစ်ရံငြင်းပယ်ခံရတာတွေရှိတတ်ပါတယ်။ကိုယ့်ရဲ့အနီးဆုံးလူရင်းနှီးရတဲ့သူတွေကတခါတလေနာကျင်စရာတွေပေးတတ်ပါတယ်, ရင်နှီးတဲ့ဆက်ဆံရေးတွေပြတ်တောက်သွားတဲ့အခါ အထီးကျန်မှုတွေနဲ့ ငါ့ဟာအသုံးမဝင်တဲ့လူပါလားဆိုတဲ့ ခံစားချက်တွေဖြစ်လာစေပါတယ်။သင့်အတွက်သတင်းကောင်းက ,ဘုရာသခင်ဟာ ကျွန်ုပ်တို့ရဲ့နာကျင်မှုတွေကိုပျောက်ကင်းစေမယ်, သူဟာကျွန်ုပ်တို့ကိုလက်ခံပေးတယ် , ဘုရားသခင်ရဲ့ အချစ်ဟာ အခြေအနေပေါ်မမူတည်ပါဘူး။

ငြင်းပယ်ခံရတဲ့အခါခံစားရတဲ့နာကျင်မှု

ယောဟန် ၄: ၃-၂၉ ကိုဖတ်ပြီးဒီမေးခွန်းလေးတွေဖြေကြည့်ရအောင်

အမျိုးသမီးတယောက်ဟာ နေ့လည်နေပူပူကြီးမှာ တယောက်ထဲရေခပ်ဖို့ရေတွင်းဆီလာနေပါတယ်, သူမဟာ အကြိမ်များစွာလက်ထပ်ထားတာကြောင့် လူမှုပတ်ဝန်းကျင်ကလူတွေအားလုံးကသူမကို အပေါင်းအသင်းမလုပ်ပဲ ပစ်ပယ်ထားခြင်းခံရတာပါ။

သခင်ယေရှုအားဖြင့် ဒီအမျိုးသမီး ဘယ်လိုအံ့ဩစရာအမှုတွေကြုံခဲ့ရလဲ?

ဘဝထဲမှာ, ငြင်းပယ်မှုတွေခံလာရတဲ့အခါဘာတွေဖြစ်ပေါ်တတ်သလဲ?

ငြင်းပယ်ခံရခြင်းရဲ့အကျိုးဆက်ကဘာတွေဖြစ်မလဲ?

အခြားသူတွေရဲ့လက်ခံမှုတွေရလာအောင်လူတွေဘာလုပ်တတ်တတ်ကြသလဲ?

သခင်ယေရှုကအဲ့ဒီအမျိုးသီးကိုသူလက်ခံတယ်ဆိုတာဘယ်လိုပြခဲ့လဲ?

ခင်ယေရှုကိုယ်တိုင်ပင် ငြင်းပယ်ခြင်းခံခဲ့ရပါတယ်

ကျွန်ုပ်တို့ခံစားရတဲ့ ငြင်းပယ်ခံရတဲ့ခံစားချက်ကို သခင်ယေရှုနားလည်တယ်ဆိုတာဘယ်လိုသိနိုင်မလဲ?

ငြင်းပယ်ခံရတဲ့အခါဘယ်လိုအောင်မြင်စွာကျော်လွှားမလဲ?

ယောဟန် ၄ထဲက အဖြစ်အပျက်ကိုကြည့်ရင် , ဒီအမျိုးသမီးရဲ့ ဘဝဟာ သခင်ယေရှုရဲ့စကားကိုယုံကြည်ဖို့ဆုံးဖြတ်ချက်ချလိုက်တာနဲ့ လုံးဝပြောင်းလဲသွားခဲ့ပါတယ်။ကျွန်တို့ရဲ့အသက်တာထဲမှာလက်တွေ့အသုံးချနိုင်ဖို့အောက်မှာရေးထားတဲ့ကျမ်းချက်လေးတွေအတိုင်း တဆင့်စီလုပ်ဆောင်သွားရအောင်။
 

1. ၁။ အခြေအနေပေါ်မူတည်ခြင်းမရှိတဲ့လဘုရားသခင်ရဲ့အချစ်ကိုလက်ခံရအောင် –

၂။ သင့်ဘဝထဲကဟာကွက်ဖြစ်နေတဲ့လိုအပ်ချက်တွေကို ဘုရားသခင်ထံကစီးဆင်းလာတဲ့ “အသက်စမ်းရေ”နဲ့အစားထိုးလဲလှယ်ကြရအောင်-

၃။ ဘုရားသခင်ရဲ့သားသမီးဖြစ်ခွင့်ရတဲ့အတွက်ဝမ်းမြောက်ပါ! –

သူငယ်ချင်းတယောက်ယောက်နဲ့အတူဆွေးနွေးရအောင်

  • သင်ရောငြင်းပယ်ခြင်းခံစားခဲ့ရဖူးလား?
  • ဘုရားသခင်သင့်ကိုလက်ခံပေးနေတယ်ဆိုတာဘယ်လိုသိနိုင်မလဲ?

လက်တွေ့အသုံးချခြင်း

ကျွန်ုပ်တို့ဆုတောင်းတဲ့အခါ, ကျွန်ုပ်တို့ဘဝထဲမှာဆိုးဝါးစွာခံစားနေရတဲ့ငြင်းပယ်ခံနှလုံးသားတွေကိုရှာဖွေပြီး ဒီခံစားချက်တွေကနေ အောင်မြင်စွာကျော်ဖြတ်နိုင်ဖို့ ဘုရားသခင်ထံဆုတောင်းရအောင်။နောက်တခုသတိရဖို့က ဘုရားသခင်ရဲ့အချစ်ကအခြေအနေပေါ်မမူတည်ဘူး , သူအမြဲချစ်နေတယ်, ကျွန်ုပ်တို့ရဲ့ငြင်းပယ်ခံရပြီးနာကျင်နေတဲ့အရာတွေကနေသူသက်သာခြင်းလွတ်မြောက်ခြင်းကိုပေးနိုင်တာဖြစ်တယ်။

ဒီလိုဆုတောင်းရအောင်

သခင်ယေရှုဘုရား , ကျွန်ုပ်ကို ချစ်ပေးတယ် လက်ခံပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ကျွန်ုပ်ရဲ့အထဲမှာခံစားနေရတဲ့ ငြင်းပယ်ခံရတဲ့နာကျင်မှုတွေကို ကိုယ်တော့်ကိုပေးပါတယ်,ကျွန်ုပ်စိတ်ကိုပြန်လည်ကျန်းမာစေပါ, ကျွန်ုပ်ကိုနာကျင်စေခဲ့တဲ့သူတွေကိုလဲခွင့်လွှတ်နိုင်ဖို့မစပါ။ကိုယ်တော့်ရဲ့သားသမီးဖြစ်စေခဲ့လို့ကျေးဇူးတင်ပါတယ်အဖ။

Key Verse