အဖေရဲ့ချစ်ခြင်း
သခင်ယေရှုကကျွန်ုပ်တို့ကိုအရမ်းချစ်တယ်ကျွန်ုပ်တို့သာနောင်တနဲ့သူ့ဆီလှည့်ပြန်လာမယ်ဆိုပြန်လည်လက်ခံဖို့အသင့်ပဲဆိုတာပြောချင်လို့ဒီပျောက်သောသားပုံဥပမာကိုပြောခဲ့တာဖြစ်တယ်။
ပျောက်သောသားကသူသွားချင်တဲ့လမ်းကိုကိုယ်တိုင်ရွေးပြီးသွားခဲ့တယ်
(၁၁)တဖန် မိန့်တော်မူသည်ကား၊ တစုံတယောက်သောသူ၌ သားနှစ်ယောက်ရှိ၏။
(၁၂)သားအငယ်သည် အဘထံသို့ သွား၍၊ အဘ၊ အကျွန်ုပ်ရထိုက်သော အမွေဥစ္စာကိုဝေ၍ ပေးပါဟု တောင်းပန်လျှင်၊ အဘသည် ဥစ္စာများကိုဝေ၍ သားတို့အား ပေးလေ၏။
(၁၃)ထိုနောက်များမကြာ၊ သားအငယ်သည် မိမိဥစ္စာများကို သိမ်းယူ၍ ဝေးစွာသောပြည်သို့ သွားပြီးလျှင်၊ ထိုပြည်မှာ ကာမဂုဏ်၌ လွန်ကျူးသောအားဖြင့် ဥစ္စာပြုန်းတီး၍၊
သားအငယ်ကဘယ်လိုလူစားမျိုးလဲ?

(၁၄)ရှိသမျှကုန်သောအခါ၊ ထိုပြည်၌ ကြီးစွာသောအစာခေါင်းပါးခြင်းဖြစ်၍၊ သူသည် အလွန်ဆင်းရဲခြင်းသို့ ရောက်၏။
(၁၅)ထိုအခါ ပြည်သားတယောက်ထံသို့သွား၍ အစေခံလျှင်၊ ဝက်တို့ကို ကျောင်းစေခြင်းငှါ သူ့သခင်သည် တောသို့ စေလွှတ်သဖြင့်၊
(၁၆)သူသည် ဝက်စားတတ်သော ပဲ့တောင့်ကိုပင် စားချင်မတတ်ငတ်မွတ်လျက်နေရ၏။ အဘယ်သူမျှ အစာကို မကျွေး။
သားအငယ်ကဘာတွေလုပ်ခဲ့လဲ?သူ့အသက်တာမှာဘာတွေဖြစ်ပျက်ခဲ့လဲ?
သားအငယ်က အသိတရားပြန်ဝင်လာတယ်
(၁၆)သူသည် ဝက်စားတတ်သော ပဲ့တောင့်ကိုပင် စားချင်မတတ်ငတ်မွတ်လျက်နေရ၏။ အဘယ်သူမျှ အစာကို မကျွေး။
(၁၇)ထိုအခါ သတိရလျှင်၊ ငါ့အဘ၏အိမ်၌ အခစားသောသူများတို့သည် ဝစွာစားရကြ၏။ ငါမူကား ဤ ပြည်၌သေအောင် အငတ်ခံရ၏။
ဘာကြောင့်သူ့အဖေအိမ်ကိုပြန်ဖို့သူဆုံးဖြတ်ခဲ့တာလဲ?
(၁၅)ထိုအခါ ပြည်သားတယောက်ထံသို့သွား၍ အစေခံလျှင်၊ ဝက်တို့ကို ကျောင်းစေခြင်းငှါ သူ့သခင်သည် တောသို့ စေလွှတ်သဖြင့်၊
(၁၆)သူသည် ဝက်စားတတ်သော ပဲ့တောင့်ကိုပင် စားချင်မတတ်ငတ်မွတ်လျက်နေရ၏။ အဘယ်သူမျှ အစာကို မကျွေး။
(၁၇)ထိုအခါ သတိရလျှင်၊ ငါ့အဘ၏အိမ်၌ အခစားသောသူများတို့သည် ဝစွာစားရကြ၏။ ငါမူကား ဤ ပြည်၌သေအောင် အငတ်ခံရ၏။
(၁၈)ငါထ၍ အဘထံသို့ သွားမည်။ အဘ၊ အကျွန်ုပ်သည် ဘုရားသခင်ကို၎င်း၊ ကိုယ်တော်ကို၎င်း ပြစ်မှား ပါပြီ။
သူ့ရဲ့အဖေနဲ့ကောင်းကင်ကိုဆန့်ကျင်ဖက်ပြုပြီးသားအငယ်ကျူးလွန်ခဲ့တဲ့”အပြစ်”ကဘာဖြစ်မလဲ?
(၁၉)ယခုမှစ၍ ကိုယ်တော်၏သားဟူ၍ ခေါ်ခြင်းကိုမခံထိုက်ပါ။ သူငှါးအရာ၌ အကျွန်ုပ်ကို ထားတော် မူပါဟု ငါပြောမည်ဟူ၍ အကြံရှိသည်နှင့်၊’
သားအငယ်အိမ်ပြန်လာတဲ့အခါသူ့ကိုဘယ်လိုပုံစံနဲ့ပြန်လက်ခံမယ်လိုမျှော်လင့်ခဲ့လဲ?
သားအဖြစ်တဖန်ပြန်လည်လက်ခံခဲ့တယ်!
(၁၇)ထိုအခါ သတိရလျှင်၊ ငါ့အဘ၏အိမ်၌ အခစားသောသူများတို့သည် ဝစွာစားရကြ၏။ ငါမူကား ဤ ပြည်၌သေအောင် အငတ်ခံရ၏။
(၁၈)ငါထ၍ အဘထံသို့ သွားမည်။ အဘ၊ အကျွန်ုပ်သည် ဘုရားသခင်ကို၎င်း၊ ကိုယ်တော်ကို၎င်း ပြစ်မှား ပါပြီ။
(၁၉)ယခုမှစ၍ ကိုယ်တော်၏သားဟူ၍ ခေါ်ခြင်းကိုမခံထိုက်ပါ။ သူငှါးအရာ၌ အကျွန်ုပ်ကို ထားတော် မူပါဟု ငါပြောမည်ဟူ၍ အကြံရှိသည်နှင့်၊
(၂၀)ထ၍ အဘထံသို့ သွားလေ၏။ သွား၍ ဝေးသေးသောအခါ အဘသည် သူ့ကိုမြင်လျှင်၊ သနားသော စိတ်ရှိသည်နှင့် ပြေးသွား၍ သား၏လည်ပင်းကို ပိုက်ဘက်လျက် နမ်းရှုပ်လေ၏။
(၂၁)သားကလည်း၊ အဘ၊ အကျွန်ုပ်သည် ဘုရားသခင်ကို၎င်း၊ ကိုယ်တော်ကို၎င်း ပြစ်မှားပါပြီ။ ယခုမှစ၍ ကိုယ်တော်၏သားဟူ၍ ခေါ်ခြင်းကို မခံထိုက်ပါဟုဆိုလျှင်၊’
သူအပြစ်ထဲကျရောက်သွားခဲ့ပြီဆိုတာသိပြီးတဲ့နောက်သားအငယ်ဘာတွေလုပ်ခဲ့လဲ?
(၂၀)ထ၍ အဘထံသို့ သွားလေ၏။ သွား၍ ဝေးသေးသောအခါ အဘသည် သူ့ကိုမြင်လျှင်၊ သနားသော စိတ်ရှိသည်နှင့် ပြေးသွား၍ သား၏လည်ပင်းကို ပိုက်ဘက်လျက် နမ်းရှုပ်လေ၏။
(၂၁)သားကလည်း၊ အဘ၊ အကျွန်ုပ်သည် ဘုရားသခင်ကို၎င်း၊ ကိုယ်တော်ကို၎င်း ပြစ်မှားပါပြီ။ ယခုမှစ၍ ကိုယ်တော်၏သားဟူ၍ ခေါ်ခြင်းကို မခံထိုက်ပါဟုဆိုလျှင်၊’
(၂၂)အဘက၊ မြတ်သောဝတ်လုံကို ယူခဲ့၍ သူ့ကို ခြုံကြ၊ သူ၏လက်၌ လက်စွပ်တန်ဆာကို ဆင်ကြ။
(၂၃)ခြေနင်းကိုလည်း စီးစေကြ။ ဆူအောင်ကျွေးသော နွားကလေးကို ယူ၍သတ်ကြ။ သို့ပြီးမှ ငါတို့သည် စားကြကုန်အံ့။ ပျော်မွေ့ခြင်းကို ပြုကြကုန်အံ့။
(၂၄)ငါ့သားသည်အထက်က သေ၏။ ယခုရှင်ပြန်၏။ အပါတို့ကို ဆိုပြီးမှ၊ ထိုသူအပေါင်းတို့သည် ပျော်မွေ့ ခြင်းကို ပြုကြ၏။
အဖေကသားအငယ်ကိုပြန်လက်ခံခဲ့လား?ဘယ်လိုတွေသိနိုင်မလဲ?
အဖေကိုသင့်အနေနဲ့ဘယ်လိုမြင်လဲ?
သူငယ်ချင်းတယောက်ယောက်နဲ့အတူဆွေးနွေးရအောင်
သင့်အတွက်ဘုရားရှင်ရဲ့ပြန်လည်လက်ခံပေးခြင်း၊ခွင့်လွှတ်ပေးခြင်းနဲ့ပက်သက်ပြီးပြန်မျှဝေပေးနိုင်မလား?
ဒီပျောက်သောသားပုံဥပမာကိုဘယ်လိုမြင်လဲ?
လက်တွေ့ဘဝနဲ့ရောတူရဲ့လား?
လက်တွေ့အသုံးချခြင်း
ဘုရားသခင်ထံပြန်လှည့်ဖို့ဘာတွေလုပ်နိုင်မလဲ?
ဒီလိုမျိုးခွင့်လွှတ်ပေးခြင်းခံစားချင်သလား?
ဒီလိုဆုတောင်းရအောင်
ကောင်းကင်ဖခင်,ကျွန်ုပ်ကိုချစ်ပြီးခွင့်လွှတ်ဖို့၊ပြန်လည်လက်ခံပေးဖို့အမြဲအဆင်သင့်ရှိနေပေးလို့ကျေးဇူးတင်ပါတယ်။အဖေ့ရဲ့အချစ်ဟာမယုံကြည်နိုင်လောက်အောင်အံ့ဩဖွယ်ဖြစ်ပါတယ်။
အဓိကကျမ်းချက်
How great is the love the Father has lavished on us, that we should be called children of God !And that is what we are!,The reason of the world does not know us is that it did not know him.