Missing the Mark
The original word for sin means, “to miss the mark”, like in archery. It says in the Bible that, “all of us have sinned and fallen short of God’s glory”
အဘယ်ကြောင့်နည်းဟူမူကား၊ လူအပေါင်းတို့သည် ဒုစရိုက်ကို ပြု၍ဘုရားသခင်ရှေ့တော်၌ အသရေ ပျက်ကြပြီ။
Sin refers to all the wrong things that we have said, done or thought.
The Battle of Sin
ငါ့အထဲမှာ ငါ့ဇာတိပကတိ၌ ကောင်းသော အရာတစုံတခုမျှ မတည်သည်ကို ငါသိ၏။ အကြောင်း မူကား၊ ငါသည်ကျင့်ချင်သော စိတ်ရှိသော်လည်း၊ ကောင်းစွာကျင့်တတ်သောအခွင့်ကိုရှာ၍ မတွေ့နိုင်။ ၁၉ငါသည် ကျင့်ချင်သော အကျင့်ကောင်းကို မကျင့်။ မကျင့်ချင်သော အကျင့်ဆိုးကိုကျင့်၏။ ၂၀ထိုသို့ငါသည်မကျင့်ချင်သောအကျင့်ကို ကျင့်လျှင်၊ ငါကိုယ်တိုင်ကျင့်သည်မဟုတ်။ ငါ့အထဲ၌ နေသော အပြစ်တရားသည်ကျင့်၏။ ၂၁ထိုသို့ကောင်းသော အကျင့်ကိုငါကျင့်ချင်သောအခါ၊ မကောင်းသောအကျင့်ကို ကျင့်စေတတ်သော တရားကို ငါတွေ့၏။
Why do we sin?
လူအသက်ကို မသတ်ရ။ သတ်သောသူသည် ရုံး၌အပြစ်စီရင်ခြင်းကို ခံထိုက်ပေ၏ဟူသော ရှေးပညတ် စကားကို သင်တို့ကြားရပြီ။ ၂၂ငါပညတ်သည်ကား၊ ညီအစ်ကိုကို အထောက်မတန် အမျက်ထွက်သောသူသည် ရုံး၌အပြစ်စီရင်ခြင်း ကို ခံထိုက်ပေ၏။ ညီအစ်ကိုကို ကဲ့ရဲ့သောသူသည် လွှတ်တော်၌အပြစ်စီရင်ခြင်းကို ခံထိုက်ပေ၏။ ညီအစ်ကိုကို ကျိန်ဆဲသောသူသည် ဂေဟင်္နာအရပ်၌ မီးရှို့ခြင်းကို ခံထိုက်ပေ၏။ ၂၃ထိုကြောင့် သင်သည်ပူဇော်သက္ကာကို ယဇ်ပလ္လင်သို့ဆောင်ယူခဲ့လျက် သင်၏ညီအစ်ကိုသည် သင်၌ အပြစ်တင်ခွင့် တစုံတခုရှိသည်ဟု အောက်မေ့သတိရလျှင်၊ ယဇ်ပလ္လင်ရှေ့မှာ ပူဇော်သက္ကာကိုထား၍ သွားလော့။ ၂၄ညီအစ်ကိုနှင့် သင့်တင့်ပြီးမှ ပြန်၍ ပူဇော်သက္ကာကို တင်လော့။ ၂၅တရားတွေ့ဘက်နှင့်အတူ လမ်း၌သွားစဉ်တွင်ပင်၊ သူ၏စိတ်ကို ပြေစေခြင်းငှါ အလျင်အမြန်ပြုလော့။ သို့မဟုတ် တရားတွေ့ဘက်သည် တရားသူကြီး၌ အပ်မည်။ တရားသူကြီးသည်လည်း လုလင်ခေါင်း၌အပ်၍ ထောင်ထဲ၌ လှောင်ထားမည်။ ၂၆လျော်ပြစ်ငွေ ရှိသမျှကို မလျော်မှီတိုင်အောင် ထောင်ထဲကမထွက်ရဟု ငါအမှန်ဆို၏။
၂၇သူ့မယားကို မပြစ်မှားရဟူသော ရှေးပညတ်စကားကို သင်တို့ကြားရပြီ။ ၂၈ငါပညတ်သည်ကား ကိလေသာစိတ်နှင့် သူ့မယားကိုကြည့်ရှုသောသူသည် စိတ်နှလုံးထဲ၌ ထိုမိန်းမနှင့် ပြစ်မှားပြီ။ ၂၉ထိုကြောင့် လက်ျာမျက်စိဖြစ်သော်လည်း သင့်ကိုမှားယွင်းစေလျှင် ထိုမျက်စိကိုထုတ်ပစ်လော့။ တကိုယ်လုံး ငရဲသို့ချခြင်းကို ခံရသည်ထက် အင်္ဂါတခုပျက်သော် သာ၍ကောင်း၏။ ၃၀ထိုနည်းတူ လက်ျာလက်ဖြစ်သော်လည်း သင့်ကိုမှားယွင်းစေလျှင် ထိုလက်ကိုဖြတ်ပစ်လော့။ တကိုယ်လုံး ငရဲသို့ချခြင်းကို ခံရသည်ထက် အင်္ဂါတခုသာ ပျက်သော်သာ၍ကောင်း၏။
What did Jesus say about sin?
What are some examples of sin?
The Results of Sin
ရောမဩဝါဒစာ ၆း၂၃
အပြစ်တရား၏ အခကားသေခြင်းပေတည်း။ ဘုရားသခင်ပေးတော်မူသော ဆုကျေးဇူးတော်ကား၊ ငါတို့ သခင်ယေရှုခရစ်အားဖြင့် ထာဝရ အသက်ပေတည်း။
ဂလာတိဩဝါဒစာ ၆း၇-၈
အလွဲမယူကြနှင့်။ ဘုရားသခင်သည် မထီမဲ့မြင်ပြုခြင်းကို ခံတော်မမူ။ လူသည်မျိုးစေ့ကြဲသည်အတိုင်း အသီးအနှံကိုရိတ်ရလိမ့်မည်။ ၈မိမိဇာတိပကတိ၌ မျိုးစေ့ကြဲသောသူသည် ဇာတိပကတိအားဖြင့် ပုပ်ပျက်ခြင်းအသီးအနှံကို ရိတ်ရလိမ့် မည်။ ဝိညာဉ်ပကတိ၌ မျိုးစေ့ကြဲသောသူသည် ဝိညာဉ်ပကတိအားဖြင့် ထာဝရအသက်ရှင်ခြင်း အသီးအနှံကို ရိတ်ရလိမ့်မည်။
In what ways does sin affect our lives? (Think spiritually, relationally, eternally, etc.)
Victory Over Sin
How can we overcome sin in our lives?
ဘုရားသခင်ကယ်လွှတ်တော်မူသောကြောင့် ယေရှုခရစ်၌တည်၍၊ ဇာတိပကတိအတိုင်းမကျင့်၊ ဝိညာဉ် ပကတိအတိုင်း ကျင့်သောသူတို့သည် အပြစ်စီရင်ခြင်း နှင့် လွတ်ကြ၏။ ၂ယေရှုခရစ်၌တည်၍ အသက်ရှင်စေသော ဝိညာဉ်တော်၏တရားသည် အပြစ်တရား၏ လက်မှ၎င်း၊ သေခြင်းတရား၏လက်မှ၎င်း၊ ငါ့ကိုကယ်လွှတ်ပြီ။
ကိုယ်အပြစ်တို့ကို ဘော်ပြတောင်းပန်လျှင်၊ ငါတို့အပြစ်များကိုလွှတ်၍ ဒုစရိုက်ရှိသမျှနှင့် ကင်းစင်စေခြင်းငှါ ဘုရားသခင်သည် သစ္စာတရားနှင့်၎င်း၊ ဖြောင့်မတ်ခြင်းတရားနှင့်၎င်း ပြည့်စုံတော်မူ၏။
အချင်းချင်းတယောက်နှင့်တယောက်၊ ကိုယ်အပြစ်ကို ဘော်ပြတောင်းပန်ကြလော့။ ချမ်းသာရမည် အကြောင်း၊ အချင်းချင်းတို့အဘို့ ဆုတောင်းကြလော့။ သူတော်ကောင်းဆုတောင်း၍ အရှိန်ကြီး သောပဌနာ သည် အလွန်တန်ခိုးပါ၏။
ညီအစ်ကိုတို့၊ အသက်ရှင်ခြင်းလက္ခဏာ၊ သန့်ရှင်းခြင်းလက္ခဏာ၊ ဘုရားသခင်နှစ်သက်တော်မူ ဘွယ်သောလက္ခဏာနှင့် ပြည့်စုံသော ယဇ်ကို သင်တို့သည် ပူဇော်၍၊ မိမိကိုယ်ခန္ဓာကို ဘုရားသခင်အား ဆက်ကပ်ခြင်းတည်းဟူသော သင်တို့ပြုအပ်သော ဝတ်ကို ပြုမည်အကြောင်း၊ ဘုရားသခင်၏ ကရုဏာတော်ကို ထောက်ထား၍၊ သင်တို့ကို ငါတိုက်တွန်းနှိုးဆော်ပေ၏။ ၂သင်တို့သည် လောကီပုံသဏ္ဌာန်ကို မဆောင်ကြနှင့်။ ကောင်းမြတ်သောအရာ၊ နှစ်သက်ဘွယ်သောအရာ၊ စုံလင်သောအရာတည်းဟူသော ဘုရားသခင်အလိုတော်ရှိသော အရာသည် အဘယ်အရာဖြစ်သည်ကို သင်နိုင်မည်အကြောင်း၊ စိတ်နှလုံးကို အသစ်ပြင်ဆင်၍ ပုံသဏ္ဌာန် ပြောင်းလဲခြင်းသို့ ရောက်ကြလော့။
Ask a Friend
- Can you share a story of overcoming sin?
- Do you have any other questions about sin?
- As we pray, let’s ask God to search our hearts and reveal our sins to us and the effects that they have had on our lives. Remember that God forgives our sin and that He is powerful to heal us from the results of sin.
Application
Homework
၁အပြစ်မှလွှတ်ခြင်း၊ ဒုစရိုက်အပြစ်ကို ဖုံးအုပ် ခြင်းသို့ ရောက်သောသူသည် မင်္ဂလာရှိ၏။ ၂ထားဝရဘုရား အပြစ်တင်တော်မူခြင်းနှင့် လွတ် ၍၊ လှည့်စားတတ်သော စိတ်သဘောနှင့် ကင်းစင်သော သူသည် မင်္ဂလာရှိ၏။
၃ငါသည် အပြစ်ကိုမဘော်မပြဘဲ နေစဉ်အခါ၊ တနေ့လုံးညည်း တွားသောအားဖြင့်၊ ငါ့အရိုးတို့သည် ဆွေးမြေ့ခြင်းသို့ ရောက်ကြ၏။ ၄နေ့ညဉ့်မပြတ် ကိုယ်တော်၏လက်သည် အကျွန်ုပ်အပေါ်မှာ လေး၍၊ အကျွန်ုပ်၏ ချွေးရည်သည် နွေကာလ၌ သွေ့ခြောက်ခြင်းကဲ့သို့ ဖြစ်ပါ၏။ ၅တဖန်အကျွန်ုပ်သည် ကိုယ်အပြစ်ကိုရှေ့တော်၌ ဝန်ချပါ၏။ ပြု မိသောဒုစရိုက်ကို ဝှက်၍မထားပါ။ ငါလွန်ကျူးသောအရာကို ထာဝရဘုရားအား ဘော်ပြ တောင်းပန်မည်ဟုပြောဆိုသောအခါ၊ ကိုယ်တော်သည် အကျွန်ုပ်ပြစ်မှားခြင်းအပြစ်ကို လွှတ်တော်မူ၏။ ၆ထိုကြောင့် ကိုယ်တော်ကို တွေ့သင့်သော အချိန် ကာလ၌၊ သန့်ရှင်းသူအပေါင်းတို့သည် ရှေ့တော်၌ တောင်းလျှောက်ကြပါလိမ့်မည်။ အကယ်စင်စစ် လွှမ်မိုး တတ်သောရေကြီးသည် သူတို့ထံသို့ မချဉ်းရပါ။ ၇ကိုယ်တော်သည် အကျွန်ုပ်ခိုလှုံရာ ဖြစ်တော် မူ၏။ အကျွန်ုပ်ကို ဘေးလွှတ်စေခြင်းငှါ ကွယ်ကာ စောင့်မတော်မူ၏။ ကယ်လွှတ်ကြောင်းကို ဆိုသောသီချင်း နှင့် အကျွန်ုပ်ကို ခြံရံစေတော်မူ၏။
၈သင့်ကိုငါသွန်သင်မည်။ သင်သွားရမည့်လမ်းကို ပြညွှန်မည်။ သင့်ကိုကြည့်ရှုပြုစုမည်။ ဥာဏ်ပညာမဲ့သော မြင်လားကဲ့သို့ မဖြစ်နှင့်။ ၉သူသည်သင့်ထံသို့ မချဉ်းကပ်သောကြောင့်၊ ပစပ်ကို ဇက်ခွံ့၍၊ ဇက်ကြိုးနှင့်ဆွဲရမည်။ ၁၀မတရားသောသူသည် များစွာသောဒုက္ခကို ခံရ၏။ ထာဝရဘုရား၌ ကိုးစားသောသူကိုကား၊ ကရုဏာ တော်သည် ဝန်းရံတတ်၏။ ၁၁ဖြောင့်မတ်သောသူတို့၊ ထာဝရဘုရား၌ ဝမ်း မြောက်ရွှင်လန်းကြလော့။ သဘောဖြောင့်သောသူတို့၊ ရွှင်လန်းစွာ သီချင်းဆိုကြလော့။
Look at how David dealt with sin and enjoyed God’s forgiveness.
Prayer Model
Lord Jesus, I thank You that You died for me to pay the penalty for my sin. I thank You for forgiving me. Please help me to live a life that is pure and pleasing to You.
Key Verse
အပြစ်တရား၏ အခကားသေခြင်းပေတည်း။ ဘုရားသခင်ပေးတော်မူသော ဆုကျေးဇူးတော်ကား၊ ငါတို့ သခင်ယေရှုခရစ်အားဖြင့် ထာဝရ အသက်ပေတည်း။